ကန့်ဘလူမြို့၌ ကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်နံနက် ၉ နာရီက အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်တို့က သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းကာလ တစ်လကြာဖွင့်လှစ်၍ Microsoft Word ၊ Excel ၊ Power point စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၁၀ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)