ဖလမ်း ဇန်နဝါရီလ ၁၈
ချင်းပြည်နယ်၊ဖလမ်းမြို့၌ လူငယ်များအသိပညာအသိပညာဗဟုသုတတိုးပွားရေးရည်ရွယ်လျက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၇ ရက်၊ မွန်းလွဲ ၁၂နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပြုလုပ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိန်းတမ်က အသိပညာဗဟုသုတတိုးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပညာရေးမှူးဦးသွမ်လျန်ကလူနှင့် စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူးဦးလှခင်က မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာကောင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပြီးမီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်အဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့်ကျောင်းသား/သူများ စုစပေါင်းအင်အား (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်