ကန်ကြီးထောင့်မြို့နယ်၊ အ.မ.က-မြို့သစ်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မြို့သစ် အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပညာရေးစုံညီပွဲတာ်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်ကစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးရဲထွဋ်သန်းကကျေးဇူးတင်စကားနှင့် ကျောင်းသား၊ကျောင်းသူလေးများအား ဆုံးမ ဩဝါဒစကားများပြောကြားခဲ့သည်။

ထို့နောက် ယာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆရာ၊ ဆရာမများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)