ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဆောင်းနေကြာစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရူ့အားပေး

ဇလွန် ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၂ နာရီတွင် မေရီလန်းကျေးရွာအုပ်စု မေရီလန်းကျေးရွာနှင့် ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာတို့တွင် ဆောင်းနေကြာစံပြစိုက်ခင်း(၁၀)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရူ့အားပေးခဲ့ကြသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မေရီလန်းကျေးရွာအုပ်စု မေရီလန်းကျေးရွာ တောင်သူဦးဝင်းမြင့်ဦး၏ ကွင်းအမှတ် (၁၈၄၁)၊ ဦးပိုင်အမှတ် (၄၈ / ၃)တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းနေကြာ Supersun - 41 (၂)ဧက စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ ကွင်းအမှတ် (၁၈၄၂)၊ ဦးပိုင်အမှတ် (၄၅ /၂)တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းနေကြာ Supersun - 41 (၈) ဧက စုစုပေါင်းစံပြစိုက်ခင်း (၁၀)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရူ့အားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)