ခန္တီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်း၏တစ်နှစ်တာ လုပ်ရှားမှုမှတ်တမ်း ပြခန်းများပြသခြင်း ကျင်းပပြုလုပ်

ခန္တီး ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်း၏ တစ်နှစ်တာလှုပ်ရှားမှုပြခန်းများ ပြသခြင်းအခမ်းအနားကို အ.ထ.က(ခန္တီး)၊ ကျန်စစ်သား ခန်းမဆောင်၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားအတွင် ကျောင်းသား/သူလေးများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ခန္တီးခရိုင်ပညာရေးမှူး၊ ဒေါ်လှလှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ကာ အ.ထ.က(ခန္တီး)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းစိုးက ပညာရေးစုံညီပွဲတော် ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အ.ထ.က(ခန္တီး) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဉီးစံလှဖေက ကျောင်းလုပ်ငန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့ကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဘက်စုံထူးချွန်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူလေးများအား သက်ဆိုင်ရာ ဆရာ/မ များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ကျောင်းသား/ သူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အ.ထ.က(ခန္တီး)၏ တစ်နှစ်တာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ သင်ထောက်ကူပစ္စည်းများကို ဧည့်သည်တော်များ၊ ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)