သာပေါင်း-ပုသိမ် ကားလမ်း ကျောက်ဖြည့်ကတ္တရာလမ်း ခင်းကျင်းလုပ်ဆောင်နေမှုအား မြို့နယ်ကြီးကြပ်မှု ကော်မတီမှ ကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သာပေါင်း-ပုသိမ်ကားလမ်း ကျောက်ဖြည့် ကတ္တရာလမ်း ခင်းကျင်းလုပ်ဆောင်နေမှုအား ယမန်နေ့ မွန်းလွဲ ၁နာရီခွဲ အချိန်က လုပ်ငန်းခွင်သို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက မြို့နယ်လမ်းဦးစီးဌာနက သာပေါင်း-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ်(၁၃/၅)မှ (၁၃/၆)ထိ Level Sea ကျောက်ဖြည့် ကတ္တရာလမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေး ပြည့်မီရေး၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ လမ်းပုခုံးခင်းရေး၊ လုပ်ငန်းခွင်ပြီးပါက သန့်ရှင်းရေးတို့ကို ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)