ပေါက်ခေါင်းမြို့၌ (၃၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ လေးမျက်နှာစေတီတော် ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော် (၃၅)ကြိမ်မြောက် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်က ပေါက်ခေါင်းမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ကျင်းပခဲ့သည်မှာ (၃၅)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ရာ ယခုနှစ်တွင်မြို့တွင်းသို့ လှည့်လည်အပူဇော်ခံမည်ဖြစ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ပူးပေါင်းပါဝင်ကြပါရန်ပြောကြားသည်။ ဗုဒ္ဓမြတ်စွယ်‌တော် ဖွင့်လှစ်အပူ‌ဇော်ခံပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင် မြို့တွင်းသို့လှည့်လည်အပူဇော်ခံမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွယ်‌တော်ကို ရဟန်းရှင်လူပြည်သူများ ဖူးမြော်ပူဇော်နိုင်ရန်အတွက် လေးမျက်နှာစေတီယာယီစံကျောင်း‌တော်တွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)