သာယာဝတီ ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေချင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်အတူ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေပြင်ရှိလူဦးရေ စာရင်းကောက်ယူခြင်း လုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ စာရင်းဇယားမှန်ကန်ရေး ကြိုးစားဆောင်ရွက်ပေးစေချင်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မီးဘေးလုံခြုံရေး အထူးဂရုပြုကြစေလိုကြောင်း၊ မီတာခကြွေးကျန်မရှိစေရေး ဂရုပြုဆောင်ရွက်သွားစေလိုကြောင်း ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)