ပြည် ဇန်နဝါရီ ၁၈
ကွန်ပျူတာတက္ကသိုလ် (ပြည်)နှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွားစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်သည့် "လူငယ်စကားဝိုင်း" အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက ကွန်ပျူတာတက္ကသိုလ် (ပြည်)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ် (ပြည်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာယုဇနက အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်ရွှေဝါဖူးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်ပြီး "လူငယ်စကားဝိုင်း"အား ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်ရွှေဝါဖူးက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ဒုတိယနှစ် ကျောက်းသား၊ သူများ ဖြစ်ကြသော မောင်လပြည့်ထွန်း၊ မောင်အာဇာနည်ဖြိုး၊ မောင်ဟန်ထိုက်ဇော်နှင့် မလွင်ယုယုအောင်တို့က "အဂတိလိုက်စားမှုတိုက်ဖျက်ရေး" ခေါင်းစဉ်အား ရှုဒေါင့်ပေါင်းစုံမှ အသီးသီးဆွေးနွေးဖလှယ်ကြသည်။
ထို့နောက် ညှိနှိုင်းရေးမှူးနှင့် ဒုတိယပါမောက္ခချုပ်တို့က ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ပေးပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် ညှိနှိုင်းရေးမှူးနှင့် ပါဝင်ဆွေးနွေးသည့် ကျောင်းသူ၊ ကျောင်းသားများအား ဒုတိယပါမောက္ခချုပ်က အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)