ကာလိမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျိုင်းလွန်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းပြဆရာမ ဒေါ်အိအိဖြူက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိလိုက်နာစေရန်အတွက် သိထားရမည့် လမ်းပေါ်ရှိ ဆေးရေးအမှတ်အသားများ၊ လမ်းညွှန်အမှတ်အသားများ၊ စက်ဘီးစီးသူများ လိုက်နာရမည့်အချက်များ၊ လမ်းလျှောက်သူများလိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နှင့် မေးသိုင်းကြိုးစနစ်တကျ တပ်ဆင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)