လပွတ္တာမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

လပွတ္တာ ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ပြည်သူအားများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်အတွက် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၁၆-၁-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်မှစတင်၍ (၃)မိုင်မြို့ သစ်ရှိကုတင် (၂၀၀)ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့သည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ အနည်းဆုံး(၆)လ ရှိပြီး အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့် အထက်ပြည်သူများ၊ အသက် (၁၈)နှစ်နှင့် အထက်နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါ ခံစားနေရသော ပြည်သူလူထုအားကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေစီခြား၍ စနစ်တကျနေရာချထားပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို နေ့စဥ်နံနက်(၉)နာရီခွဲအချိန်မှ စတင်ကာညနေ (၄)နာရီအချိန်ထိ (၃)မိုင်မြို့သစ်ရှိကုတင် (၂၀၀)ပြည်သူ့ဆေးရုံကြီးတွင်ထိုးနှံပေး​​လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)