သာပေါင်းမြို့နယ်၌၂၀၂၃ ခုနှစ်၊ဆောင်းရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၇)မှ စိုက်ပျိုးဧက(၇၅၉)၊တောင်သူ(၁၄၁)ဦး၊ ချေးငွေ(၁၁၃၈၅၀၀၀)ထုတ်ချေးပေး

သာပေါင်း ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ဇန်နဝါရီလ ၁၅ ရက်နေ့ ၊နံနက် ၉ နာရီခွဲအချိန်က ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးဇင်မင်းထိုက်က တောင်သူများအား ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေး ငွေများကို အကျိုးရှိစွာသုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ဆောင်ဘုံ ကျေးရွာအုပ်စုမှ ဆောင်း စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၂၀)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း ဖြင့်(၁၀၉)ဧက အတွက်(၁၆၃၅၀၀၀၀)၊ကင်းတပ် ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁၄)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်(၆၅)ဧက အတွက်(၉၇၅၀၀၀၀)၊ ကွင်းပေါက် ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၃၆)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်(၂၂၀)ဧကအတွက် (၃၃၀၀၀၀၀၀)၊ ခတ္ထိယ ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုး စရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁၁)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၄၉)ဧကအတွက်(၇၃၅၀၀၀၀)၊‌ တောင်ကလေး ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၄၉)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၂၅၃)ဧကအတွက် (၃၇၉၅၀၀၀၀)၊ သရက်ကုန်း ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁၀)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်(၅၈)ဧကအတွက် (၈၇၀၀၀၀၀)၊ ထန်းဇင်လှ ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုးစရိတ် ချေးငွေ ကြွေးကျေပြေ တောင်သူ(၁)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်(၅) ဧကအတွက် (၇၅၀၀၀၀) ပေါင်း တောင်သူ(၁၄၁)ဦး၊ ဧက(၇၅၉)အတွက် (၁၁၃၈၅၀၀၀)တို့ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေး အတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအား အောက်တိုဘာလ (တတိယပတ်)မှ ဒီဇင်ဘာလ၊၂၀၂၄ ခုနှစ်၊ဇန်နဝါရီလကုန်းအထိ လထက်တိုး ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း၊၎င်း ချေးငွေကို (၃၀၊၉၊၂၀၂၄) နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေး ကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း အချိန်မီပေးဆပ်ပြီးသည့် တောင်သူများနှင့်ကို ဗစ်ချေးငွေပါ ပြေကြေပြီးသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးဧက(၁၂၆၄၂)၊ ချေးငွေ(၁၈၉၆၃)သိန်းကို ထုက်ချေးပေးထားရန် လျာထားပြီး၊မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၊မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဦးဇင်မင်းထိုက်ထံမှသိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်