ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ပဲတိုင်ထောင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိ

ကလိန်အောင်  ဇန်နဝါရီလ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်း၍ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးကာ အပိုဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပဲတိုင်ထောင်စိုက်ပျိုးရောင်းချသူ ကို‌ကျော်စိုးထံမှ သိရသည်။ 

"ပဲသီးများကို နှစ်ရက်လျှင်တစ်ခါ တစ်နှစ်ပတ်လုံး စိုက်ပျိုးပြီး ခူးဆွတ်ရောင်းချရ‌ပါတယ်၊ တစ်နေ့လျှင် ငွေကျပ် ၁၀၀၀၀ ကျော်ရရှိကာ တစ်လလျှင် ငွေကျပ်(၂)သိန်းခွဲနီးပါလောက် ရရှိ၍ စိုက်ပျိုးပြီးရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရပြီး မိသားစုများ နေ့စဉ် ပုံမှန်ဝင်ငွေရရှိပါတယ်"ဟု ပဲတိုင်ထောင်စိုက်ပျိုးရောင်းချသူက ပြောသည်။

 အဆိုပါ ပဲသီးလုံးများ ခူးပြီးရောင်းချရာတွင် အတောင့် (၁ဝ)လုံးစည်းတစ်စည်းကို ငွေကျပ် ‌၃၅ဝ ရောင်းချရပြီ အတောင့်(၁၀၀)စည်းတစ်စည်းကို ၂၅၀၀ ကျပ် ရောင်းချရပြီး အခြားသီးနှံများလည်း စိုက်ပျိုးရာ ငရုတ်၊ ချဉ်ပေါင်၊ ခရမ်းသီးများပါ စိုက်ပျိုးထားကြပြီး ကလိန်အောင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပဲတိုင်‌ထောင်ကို တစ်နှစ်ပတ်လုံး‌ မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံပင်များ စိုက်ပျိုးကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)