ငွေဆောင် ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း၊ အ.ထ.က (ဆင်မ) တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပညာရေး စုံညီပွဲတော်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့နံနက် (၈) နာရီက စည်ကား သိုက်မြှိက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပညာရေးစုံညီပွဲတော်အား ဆုချီးမြှင့်ခြင်းအစီအစဥ်နှင့် ဖျော်ဖြေရေးအစီအစဥ်ဟူ၍ အခမ်းအနားအ စီအစဥ် (၂) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အ.ထ.က(ဆင်မ) ကျောင်းသား/ သူလေးများမှ”စုံညီပွဲတော်တို့နွှဲပျော် ”သီချင်းဖြင့် အခမ်းအနားအားစတင် ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားကာ အ.ထ.က( ငွေဆောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်းမှအမှာစကား ပြော ကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၂ -၂၀၂၃ပညာသင်နှစ်တွင် A.အဆင့်ဖြင့် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား/သူများ ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားထူးချွန်စွာ အောင်မြင်ကြသော ဂုဏ်ထူးရှင်များနှင့် ဆရာ၊ဆရာမများ၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ”အာဇာနည်နေ့ အထိမ်းအမှတ်” စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ တွင် ဆုရရှိသူများ ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းပျက်ရက် မရှိသော ကျောင်းသား / သူများအား မြို့အုပ်ချုပ်ရေးမှူး၊ ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများမှ ဆုချီးမြှင့် ပေးခဲ့သည်။ကျောင်းအခမ်းအနားများ ကျင်းပရန်အတွက်ကူညီထောက်ပံ့ပေးခဲ့ကြသော စေတနာရှင်များ အားလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်အပြီးတွင် အငြိမ်းစားဆရာ ဦးစောလှိုင်မှ ကျေးဇူးတင်စကား ပြောကြားကာ မိဘဆရာ အသင်းအဖွဲ့ဝင် ဦးကျော်စိုးမှ နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က (ဆင်မ) ကျောင်းသား/သူလေးများမှ တေးသရုပ်ဖော်အက အလှပဒေသာ များဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ဧည့်ပရိတ် သတ်များမှ ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြ သည်။ အဆိုပါ အ.ထ.က (ဆင်မ) ကျောင်း၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းပညာ ရေးစုံညီပွဲတော်သို့ မြို့အုပ်ချုပ်ရေးမှူး၊ ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူး၊မြို့ဌာ နဆိုင်ရာများနှင့် ဖိတ်ကြားထားသူများစုံစုံလင်လင် တက်ရောက်ခဲ့ကြပြီးအောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီး ခဲ့ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)