ငွေဆောင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ဘူးကွဲကြီး)တွင် ကျောင်းပညာရေးစုံညီပွဲတော်ကျင်းပ

ငွေဆောင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်()ရပ်ကွက်၊ ဘူးကွဲရပ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ ..က(ဘူးကွဲကြီး)တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၁၆-၁-၂၀၂၄ ရက်နေ့ နံနက်()နာရီက စည်ကားသိုက်မြှိက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား အ..က(ဘူးကွဲ) ကျောင်းသား/သူလေးများမှ စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပြီး မြို့လျှပ်စစ်မှူး၊ ဦးစောထွန်းဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ..က(ဘူးကွဲကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်သန္တာမှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမောင်တုမှ ကျေးဇူးတင်စကာ ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် A အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်း သား/သူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းပျက်ရက်မရှိသော ကျောင်းသား/သူများ၊ ကျောင်းတွင်း ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့သည်။ ကျောင်းအခမ်းအနားများ ကျင်းပရန်အတွက် ကူညီထောက်ပံ့ပေးခဲ့ကြသော စေတနာရှင်များအားလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်အပြီးတွင် အ..က(ဘူးကွဲကြီး) ကျောင်းသား/သူလေးများမှ တေးသရုပ်ဖော် အကအလှပ ဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ဧည့်ပရိတ်သတ်များမှ ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ..က(ဘူးကွဲ) ကျောင်း၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းပညာရေးစုံညီပွဲတော်သို့ မြို့အုပ်ချုပ်ရေးမှူး၊ မြို့ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုံစုံလင်လင်တက်ရောက်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဆောင်