ကလိန်အောင် ဇန်နဝါရီလ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ အာဟာရမျှတသော အစားစားများ တိုက်ကျွေးခြင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ကျောင်းသူကလေးငယ်များအား အာဟာရမျှတစေသော အစာစားနှင့် ရောဂါကာကွယ် စေသော အစာများ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများ၊ အင်အားဖြစ်စေသော အစာများ အသားဓာတ်ပါသောပဲ၊ ငါးနှင့်သစ်သီးစုံဟင်းသီးဟင်းရွက်များ အာဟာရဖြစ်စေသော အစားစားများဖြစ်သည့် ကြက်ဥပြုတ်နှင့် "သီးစုံပဲကုလားဟင်း"ကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)