ရွှေသောင်ယံ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း အုန်းချောင်းပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးပြီး ရှေးဦးစွာ အ-ထ-က(အုန်းချောင်း) ကျောင်းအုပ်ဆရာမကြီးမှ အမှားစကားပြောကြားပေးပါသည်။
ထို့နောက်မြို့အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားရာ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ၊ စသည့်အချက်များအပေါ် လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ သဲကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပြီး ဆုချီးမြှင့်ခြင်းအစီအစဉ်ကိုစတင်ရာ ရှေးဦးစွာ ဆရာ၊ ဆရာမများအား ထူးချွန်ပညာသင်ဆုများ ချီးမြှင့်ပေးပါသည်။
ထို့နောက်ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ ကာယ၊ ညာဏဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများကို ချီးမြှင့်ပေးပါသည်။
အခမ်းအနားသို့ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် အတူဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းကော်မတီများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)