တွန်းဇံမြို့နယ် တုန်းတွောင်ကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်း၏ နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်အထိမ်းအမှတ် ကျောက်တိုင် ဖွင့်ပွဲအခမ်းအနားကျင်းပ

တွန်းဇံ ဇန်နဝါရီ ၁၇

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တုန်းတွောင်ကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်း၏ နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည် အထိမ်းအမှတ်‌ ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က တုန်းတွောင်ကျေးရွာအုပ်စု၊ တုန်းတွောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း၏ နှစ်(၅၀)ပြည့်ရွှေရတု နှစ်ပတ်လည်အထိမ်းအမှတ်ကျောက်တိုင်ကို မြို့နယ် ပညာရေးမှူး ဦးထန်ရှန်းမုန်၊ ကျောင်းအုပ်ဆရာကြီး ဦးဒါးလ်ခန့်ပေါင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်ခိုထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ ကျေးရွာယဉ်ကျေးမှုအဖွဲ့က ချင်းရိုးရာသီချင်းဖြင့် ကပြဖျော်ဖြေပြီး မြို့နယ်ပညာရေးမှူး ဦးထန်ရှန်းမုန်က အထိမ်းအမှတ် ကျောက်တိုင်ပါစာသား များကို ဖတ်ကြားခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ Pu Phut Vum ခန်းမတွင် မြို့နယ်ပညာရေးမှူး ဦးထန်ရှန်းမုန်က အမှာစကား ပြောကြားပြီး Grade-7 ကျောင်းသား၊ ကျောင်းသူများက ချင်းရိုးရာတေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် ဓမ္မဆရာဦးကမ်းခန့်ပေါင်က တုန်းတွောင်ကျေးရွာ အလယ်တန်း ကျောင်း၏ သမိုင်းကြောင်းကို ရှင်းလင်းတင်ပြကာ ကျောင်းအုပ်ဆရာကြီး ဦးဒါးလ်ခန့်ပေါင်က ကျေးဇူးတင်စကားပြောကြားပြီး ၁၉၇၄ မှ ၂၀၂၄ နှစ်အတွင်း ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့ သူများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအလယ်တန်း‌ကျောင်း၏ နှစ်(၅၀)ပြည့်ရွှေရတုအထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးထန်ရှန်းမုန်နှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ်