ငပုတောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော် အခမ်းအနားကျင်းပ

ငပုတော    ဇန်နဝါရီ     ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင်  (၂၀၂၃-၂၀၂၄ )ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ နဝရတ်ခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူကအဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည်များစွာ အရေးကြီးပါကြောင်း၊ အသိပညာ၊ အတတ်ပညာများဖြင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သော ကျောင်းသား လူငယ်များစွာပေါ်ထွက်လာစေရေးအတွက် အဘက်ဘက်ကပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို ကျောင်းသား/သူများအနေဖြင့်လည်း ပိုမိုကြိုးစားပေးကြဖို့ပြောကြားပြီးနောက်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။

ထို့နောက်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ရာ မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကလည်ကောင်း၊ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတို့ တွင်ဆုရရှိကြသော ကျောင်းသား/ သူများအားမြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌဒေါ်နီလာထွန်းက လည်ကောင်း မြို့နယ်အဆင့် ဉာဏပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူ(၁၃၅ )ဦးအား တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့်   ဆက်လက်ဖော်ဖြေ နေမှုအား ကြည့်ရှု့အားပေးပြီးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီး အကဲများက ကြည့်ရှုအားပေးပြီး  ဂုဏ်ပြုဆု‌ငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား/ သူများက”မြန်မာ့ကျောင်းသီချင်း” သီဆိုကာအခမ်းအနားပြီးမြောက်ကြောင်း  သိရသည်။

အောင်သူ (ပြန်/ဆက်)