လပွတ္တာမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ပြည်သူများအား  ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိ

လပွတ္တာ   ဇန်နဝါရီ         ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ပြည်သူအားများအား ကိုဗစ် (၁၉)ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်အတွက်  နောက်ဆုံးအကြိမ်  ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲ အချိန်မှစတင်၍ (၃)မိုင်မြို့သစ်ရှိကုတင် (၂၀၀)ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့သည်။

အဆိုပါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံရန် အတွက် နောက်ဆုံးအကြိမ် ကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ အနည်းဆုံး (၆)လ ရှိပြီး အသက် (၅၀)နှစ် အထက် နိုင်ငံဝန်ထမ်းများ၊အသက် (၆၅)နှစ် နှင့်အထက်ပြည်သူများ၊အသက် (၁၈)နှစ်နှင့် အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါ ခံစားနေ ရသော ပြည်သူလူထုအားကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆) ပေစီခြား၍ စနစ်တကျနေရာချထားပြီး ကာကွယ်ဆေးထိုးနှံ ပေးခြင်း လုပ်ငန်းများကို နေ့စဥ် နံနက်(၉)နာရီခွဲအချိန်မှ စတင်ကာ ညနေ (၄)နာရီအချိန်ထိ(၃) မိုင်မြို့သစ်ရှိကုတင် (၂၀၀)ပြည်သူ့ဆေးရုံကြီးတွင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန် /ဆက်)