အင်္ဂပူ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထပ် ဆောင်းထိုးနှံခြင်း (ဒုတိယနေ့ )ကိုအသက် (၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားများနှင့်အသက်(၆၅)နှစ်ပြည်သူများအား (Pfizer Original) နှင့် (Pfizer Omicron VCV) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့အား ကစားခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဇန်နဝါရီလ (၁၅) ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရာတွင် ပင်စင်စားဝန်ထမ်းများ စုစုပေါင်း(၈၄)ဦးအား(Pfizer Omicron VCV)ထပ်ဆောင်းထိုးနှံပေးခဲ့ပြီး အသက် ၅၀ နှစ်အထက် နိုင်ငံဝန်ထမ်း( ၆၃)ဦးအား(Pfizer Original)ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)