ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ပွင့်လှသိမ်ကုန်းအရှေ့ရပ်တွင် မီးဘေးသင့်နေအိမ်များအား ကူညီထောက်ပံ့

ပြည် ဇန်နဝါရီ ၁၇

ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ပွင့်လှသိမ်ကုန်းအရှေ့ရပ်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က  မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သော နေအိမ်များအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြည်ခရိုင် ဘေးအန္တရာယ်နှင့် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးသင့် လုံးဝပျက်စီး နေအိမ် () လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် () သိန်း၊ ငွေကျပ် (၄၆၀၃၆) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု () စုစာ၊ လူ ၅ ဦးအတွက် ဆန်ရိက္ခာဖိုး ၁၀၅၀၀ ကျပ်နှင့် သေဆုံးသူတစ်ဦးအတွက် နာရေးထောက်ပံ့ငွေ ကျပ်()သိန်းစုစုပေါင်း ငွေကျပ် (၆၁၀၅၀၀) အား ပြည်ခရိုင် ဘေးအန္တရာယ်နှင့် စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ကြက်ခြေနီအဖွဲ့နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)