တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Pfizer Original နှင့် Pfizer Variant Containing Vaccine (VCV) ထပ်ဆောင်းထိုးနှံ

တောင်ငူ ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Pfizer Original နှင့် Pfizer Variant Containing Vaccine (VCV) ထပ်ဆောင်းထိုးနှံပေးခြင်းကို  ယမန်နေ့နံနက် နာရီအချိန်က တောင်ငူခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဆောင်၌ ထိုးနှံပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ခေတ္တ) ဒေါက်တာဌေးမင်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများနှင့်အညီ (အသက် ၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများ၊ အသက် (၁၈) နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါ ခံစားနေရသော ပြည်သူများအား  ကိုဗစ် - ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfizer Original နှင့် Pfizer Variant Containing Vaccine (VCV) ဆေးများထိုးနှံပေးသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို တောင်ငူခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၁၃ ရက်နေ့မှစတင်၍ နံနက် နာရီအချိန်မှ ညနေ နာရီအချိန်ထိ နေ့စဥ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)