နတ်မောက်မြို့တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

နတ်မောက် ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်  ကောက်ကွက်အမှတ်(၂)တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုရားလေးဆူဓမ္မာရုံ၌ ဆောင်ရွက်သည်။                                                                                                                

အဆိုပါ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးဝန်ထမ်းများက စိစစ်၍ လူဦးရေစစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ မြို့မကွက်သစ်ရှိ အိမ်ထောင်စု (၁၁၄)စု၊ လူဦးရေ(၄၀၈)ဦးတို့အား နေ့ခြင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးတင့်ထံက သိရသည်။

လှဝင်း