မြို့သစ်မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေး(အခမဲ့) စစ်ဆေးကုသပေး

မြို့သစ် ဇန်နဝါရီ  ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ကုသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့စစ်ဆေးကုသဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာများဆေးကုသဆောင်၌ နံနက်(၉)နာရီမှ (၁၂)နာရီအထိ နိုင်ငံဝန်ထမ်း(အငြိမ်းစား) (၄၀)ဦးအား ကျန်းမာရေးအခြေအနေ မေးမြန်းဆွေးနွေး၍ သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ECG ဆွဲခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်ထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)