စေတုတ္တရာ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင် ယခုအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်း ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှုများတွင် လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများ၊ ပညာရေးအနေဖြင့် ကျောင်းတွင်းစာမေးပွဲ ဖြေဆိုမှုအခြေအနေ၊ ရုံးဌာနများအနေဖြင့် ရုံးများတွင် နိုင်ငံတော်အလံများ သစ်လွင်တောက်ပမှုရှိစေရန် အထိမ်းအမှတ်နေ့များတွင် လိုက်လံစစ်ဆေးသည့်အခါ မိမိတို့ရုံးလွင့်ထူသည် နိုင်ငံတော်၏ အလံများသစ်လွင်မှုရှိစေရန် လိုအပ်ပါကြောင်း၊ ရုံးများနှင့်ပတ်ဝန်ကျင်သန့်ရှင်းသာယာလှပရေး အထူးအလေးထားဆောင်ရွက်ကြဖို့နှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ စိုက်ပျိုးရေး၊ လျှပ်စစ်လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်ကိုကိုက စီပွားရေး၊ လူမှုရေးကိစ္စများ ကြပ်မတ်၍ စနစ်တကျဆောင်ရွက်ရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းမင်းဇင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဌာနများအနေဖြင့် သွားလာရေးနှင့် လုပ်ငန်းလိုအပ်ချက်များရှိပါကလည်း ပြောကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က အစည်းအဝေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)