သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း  ဇန်နဝါရီ ၁၆

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွ န်းလွဲ ၁၂ နာရီခွဲနာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ‌၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးအေးက CRC နှင့် မြန်မာနိုင်ငံကလေးသူငယ်ဥပဒေသမိုင်းအကြောင်း၊ CRC အခြေခံမူ (၄)ရပ်အကြောင်း၊ CRC အခွင့်အရေး(၄)မျိုး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ အကြောင်းကို ကျောင်းသား/သူများ သိရှိနားလာစေရန် အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းနှင့် စာဖတ်ခြင်းအလေ့အထအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံစာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် အသစ်ရောက်ရှိလာသော စာအုပ်/စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)