မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချ

မင်းလှ ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (ပထမအကြိမ်)လေလံတင်ရောင်းချခြင်းကို သီရိရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေးက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိဒေါ်သီတာဝင်းက လေလံစည်းကမ်းချက်များကို ဖတ်ကြားပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်)အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍  အပေါင်ဆိုင်လိုင်စင်များအား သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ ဈေးကောက်လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း၊ မြို့နယ်ဝင်ကြေးကောက်လိုင်စင်များကို BOT စနစ်ရရှိသော ကုမ္ပဏီများအား သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ ကျန်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း လေလံတင်ရောင်းချခဲ့ရာ လိုင်စင်စည်းကမ်းညွှန်ကြားချက်များနှင့်ညီညွတ်သော ဒေသခံပြည်သူများက ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ(ပထမအကြိမ်) လေလံတင်ရောင်းချခြင်းဖြင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ (၁၂၄၃.၂၉)သိန်းကျပ်ရရှိခဲ့ကြောင်း၊ ကျန်ရှိသောလေလံကိစ္စရပ်များကို ဒုတိယအကြိမ်လေလံတင်ရောင်းချခြင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)