လေးမျက်နှာ ဇန်နဝါရီ ၁၆
လေးမျက်နှာမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၈ နာရီကမြို့နယ်ပညာ ရေးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်ငွေဌေးကမြို့နယ် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်း လင်းပြောကြားသည်။
ဆက်လက်ပြီးမြို့နယ်အတွင်းမှတိုင်း၊ ခရိုင်မြို့နယ်အဆင့်တွင် ဆုအသီးသီးရရှိကြသော ကျေားင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ အကြီးအကဲများနှင့်ကျောင်းအုပ်ဆရာကြီးဆရာမကြီးများကဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)