ကလေးမြို့အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

ကလေး ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော် ကာယ၊ ဉာဏထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက တေးသီသီချင်းများဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးဆယ်ဦးက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏ ကဏ္ဍအသီးသီး၌ အတန်းများအလိုက် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ထို့နောက် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)