သာပေါင်း ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၃/၂၀၂၄) အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်တို့မှ ဌာနဆိုင်ရာများ(၃/၂၀၂၄) အပတ်စဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးသတိပြု အလေးထားဆောင်ရွက်ရန်၊ (၈၆) ဘီလီယံ နိုင်ငံ့စီးပွားသွင်းအားစုရယူတောင်သူများ ဝယ်၊ ကြိတ်အဖွဲ့သို့အမြန်ဆုံးပေးသွင်းရေး ကြီးကြပ်ဆောင်ရွက်ရန်၊ (၁) ဘီလီယံနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေရယူသူများ ပထမ(၆)လပတ်အတိုးပေးသွင်းပြီးနောက်(၆)လပတ်လုပ်ငန်းတိုးတက်မှု၊အတိုး အရင်းပေးသွင်းရေး ဆက်လက်ကြီးကြပ်ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ စိုက်ပျိုးရေးပြီး၍ ဖြစ်ထွန်းရေးကြီးကြပ်ဆောင်ရွက်ရန်၊ ဆောင်းနေကြာစိုက်ပျိုးပြီး၍ ဖြစ်ထွန်းရေးကြီးကြပ်ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၉၀၀) သိန်းဖြင့် လုပ်ငန်း (၆) ခုလုပ်ငန်း စတင်ဆောင်ရွက်ရာ သတ်မှတ်ကာလပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ရန်၊ ဌာနမှ ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ ပင်စင်စားအငြိမ်းစားဝန်ထမ်းများ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်ပေးရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)