မြန်အောင် ဇန်နဝါရီ ၁၆
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံပြီးဘက်စုံဖွံဖြိုးတိုးတက်စေရန် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က အင်ပင် အောင်သပြေခန်းမ၌ လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲသည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း ဦးဆောင်၍ Grade (11) မှ မယွန်းမီမီအောင်က လူငယ်နှင့်ကျန်းမာရေး၊ Grade (11) မှ မသက်ထားစံက လူငယ်နှင့်စာရိတ္တ၊ Grade (11) မှမောင်ဘုန်းမြတ်ကျော်က လူငယ်နှင့် စာပေ၊ Grade (11) မှ မခင်ဇာခြည်လှိုင်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြပြီးပါဝင်ဆွေးနွေးကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြသည်။
ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုဆက် လက်ကျင်းပပြုလုပ်ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါက ကလေးအလုပ်သမား ပပျောက်ရေး၊ မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာများ၊ ကျား/မ အခြေပြုအကြမ်းဖက်မှုများအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်က အန္တရာယ်ကင်းသောအစားအစာများ ရွေးချယ်စားသုံးတတ်စေရန် အသိပညာပေးဟောပြောခဲ့ကြသည်။
အခမ်းအနားတွင် အ.ထ.က အင်ပင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က အင်ပင်၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ် စာစောင်ဓါတ်ပုံပြခန်း ပြသထားရှိရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
အ.ထ.က အင်ပင် အောင်သပြေခန်းမ၌ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က အင်ပင်ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ၊ ကျောင်း သား၊ကျောင်းသူများ၊အင်ပင်မြို့ မြို့မိမြို့ဖများ စုစုပေါင်း ၄၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
မြန်အောင်
ဝင်းဗိုလ် (ပြန်/ဆက်)