မုံရွာမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစုံ ၁၀၀၄၀၈ ဧက စိုက်ပျိုးပြီးစီး

မုံရွာ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းသီးနှံစုံ ဧက တစ်သိန်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မုံရွာမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ၁၀၂၇၂၆ ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး ၁၀၀၄၀၈ ဧကအထိ စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးသက်အောင်က ပြောကြားသည်။

စိုက်ပျိုးပြီးသော ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပိုမွှားကျရောက်မှု ကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်အသုံးပြုနည်း စသည့်စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစုံ စိုက်ပျိုးမှုအဖြစ် ပဲမျိုးစုံ ၃၈၈၂၄ ဧက၊ ဆီထွက်သီးနှံ ၂၇၀၈၃ ဧက၊ စားဖိုဆောင်သီးနှံ ၈၄၀၆ ဧက၊ အခြားသီးနှံ ၁၇၈၁၁ ဧက၊ နံစားသီးနှံပေါင်း၈၂၈၄ ဧကစုစုပေါင်း ၁၀၀၄၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)