ရွှေတောင် ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့်စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အ.ထ.က(ရွှေတောင်)ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.ကရွှေတောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွဲ့ပျော်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ရှေးဦးစွာ ရွှေတောင်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မျိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းမှ ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ KG ကျောင်းသူလေးများက "မီးမီးလေးရဲ့မေမေ့ကျောင်"၊ Grade-1 ကျောင်းသား၊ ကျောင်းသူလေးများက "ဗာရာဏသီ" သီချင်း၊ Grade-6 ကျောင်းသားလေးများက "အဆင်ပြေပါစေ" သီချင်းဖြင့် အသီးသီးကပြဖျော်ဖြေခဲ့ကြပြီး လူရည်ချွန်နှင့်ထူးချွန်ဆုများရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် လူရည်ချွန်နှင့် အခြားထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)