ကဝ ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက်(၅၀)နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer(4th Booster Dose)အား ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉:၃၀)အချိန်က ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံပြီးသောသူများနှင့် ဆေးမထိုးနှံရသေးသောသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျန်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းများအားလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)