လဟယ် ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရွှေပြည်သာအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သဘာပတိအဖွဲ့မှ နေရာယူပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ကာ နိုင်ငံတော်အလံကို အလေးပြုပြီး သဘာပတိဦးပါတင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် နာဂရိုးရာကူးပွဲတော်ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို နာဂတိုင်းရင်းသူ ဒေါ်ညီကီဟွမ်းက ဖတ်ကြားပြီး ၂၀၂၄ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြသော ကော်မတီဝင်များအား နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခုက ပေးအပ်ချီးမြှင့်ပြီး သဘာပတိများပြန်လည်ထွက်ခွာသည်။
ထို့နောက် နာဂရိုးရာအခမ်းအနားသို့ တက်ရောက်ကြသော ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပျော်ပွဲလာ ပရိသတ်များကို နာဂရိုးရာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းနှင့် ညနေ (၅)နာရီအချိန်တွင် နာဂတိုင်းရင်းသားမျိုးနွယ်စု(၆)မျိုး အကပဒေသာများနှင့် ခေတ်သစ်အကများ ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)