တနင်္သာရီမြို-အ.မ.က-ချောင်းငယ်ကျောင်း၏ ၂၀၂၄ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား စည်ကားစွာ ကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်- အခြေခံပညာမူလတန်းကျောင်း-ချောင်းငယ်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်းခန်းမအတွင်း ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စ၍ စည်ကားစွာ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးနှင့် ဦးစီးအရာရှိ ဒေါ်ခင်မာဦး၊ ဖိတ်ကြးထားသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အ.မ.က-ချောင်းငယ်၏ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိဘဆရာ အသင်းဝင်များ၊ ကျောင်းသူ/သားများ၏ မိဘ/အုပ်ထိန်းသူများနှင့် ကျောင်းသား/သူများ စုံညီစွာ တက်ရောက်အားပေးခဲ့ကြသည်။

ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးနှင့် ဦးစီးအရာရှိ ဒေါ်ခင်မာဦးတို့က အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ စုံညီပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးမြင့်ကိုက အမှာစကား ပြောကြားပေးပြီး အခြေခံပညာမူလတန်းကျောင်း-ချောင်းငယ်ကျောင်းအုပ်ဆရာကြီး ဦးအေးသန်းက ပညာရေး စုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးကြောင်း သိရသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့် ပြိုင်ပွဲနှင့် ကျောင်းတွင်း ကာယ/ဉာဏ ပြိုင်ပွဲများတွင် အသင်းလိုက်/တစ်ဦးချင်းအလိုက် ထူးချွန်ဆုရ ကျောင်းသူ/သားများအား ဒုတိယမြို့နယ် ပညာရေးမှူး ဦးအေးစိုးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးကြပြီးနောက် အတန်းလိုက် ကျောင်းသူ/သားလေးများက အကပဒေသာများ၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေပေးကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)