တီးတိန် ဇန်နဝါရီ ၁၆
ချင်းပြည်နယ်တီးတိန်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ပညာပေးဟောပြောပွဲကိုအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ တီးတိန်စံကိုက်ညီကျောင်းဆောင်တွင် ယမန်နေ့မွန်းလွဲ၁နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းကအမှာစကား ပြောကြားကာမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းထွေး၊ မြို့နယ်ဆရာဝန်ကြီးဒေါက် တာဝင်းဖြိုးဟန်နှင့်တီးတိန်မြို့၊ မြို့မရဲစခန်းမှူးဒုရဲမှူးရဲသူရတို့ကမူးယစ်ဆေး ဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းများ ဟောပြောကြသည်။
အဆိုပါပညာပေးဟောပြောပွဲတွင် ဆက်ဆိုင်ရာဌာနများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဒေါ်ဒိုင်းခန့်ဒိမ့် (ဦးစီးအရာရှိ)