ကျောက်တံခါး ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနက အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် နာတာရှည်လူနာများအား pfize (30)ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ pfize(30)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Doses)ထိုးနှံမှုအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းနှင့် အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်လူနာ စုစုပေါင်း(၈၄)ဦးအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဥ္စမအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Doses)ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သု့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)