ညောင်လေးပင်မြို့နယ်တွင် အသက်(၅၀)နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer(4 th Booster Dose)အား ထိုးနှံပေးလျက်ရှိ

ညောင်လေးပင် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အသက်(၅၀) နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer(4 th Booster Dose)အား ထိုးနှံပေးခြင်းကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ယမန်နေ့နံနက်(၉:၃၀) အချိန်က ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် တတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး Booster Dose ထိုးနှံပြီးသောသူများနှင့် ဆေးမထိုးနှံရသေးသောသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျန်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းများအားလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)