ချောက်မြို့နယ် အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချောက် ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရေတွင်းကျေးရွာအုပ်စု မြစ်ဇီးချိုပင်ကျေးရွာရှိ အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စား​သုံးရန်မသင့်​သော အစားအစားများ”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းဦးက “သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ”ကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးဝဏ္ဏထင်က “သစ်တောသစ်ပင်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး​ ဒေါ်​မြင့်မြင့်ဝင်းနှင့် ဆရာ၊ ဆရာမ၊ ​ကျောင်းသား/သူ စုစု​ပေါင်း (၁၀၀)ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)