ပေါင်းတည် ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ယနေ့နံနက် ၆ နာရီမှစ၍ ဝဲကြီးရေလှောင်တမံသိုလှောင်ရေများကို လက်ဝဲ၊ လက်ယာ တူးမြောင်းမကြီးများမှတစ်ဆင့် စိုက်ပျိုးရေးရေများ စတင်ပို့လွှတ်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေပေးဝေမှုသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်တောင်သူများအနေဖြင့် နွေစပါးကိုပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများ၏လူမှုဘဝမြှင့်တင်နိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်မှုဖြစ်ကြောင်း၊ စိုက်ပျိုးရေစတင်ရရှိနေပြီဖြစ်၍ တောင်သူများသည် မြို့နယ်နှင့် ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ လုပ်ငန်းခွင်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နွေစပါး ၂၂၉၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာမှ သိရသည်။
သူရကြီး(ပြန်/ဆက်)