မြင်းမူ ဇန်နဝါရီ ၁၅
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ပဲစင်းငုံများ စတင်ခုတ်ယူခြွေလှေ့ရောင်းချလျက်ရှိရာ ဈေးနှုန်း ကောင်း၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ်ရရှိလျက်ရှိကြောင်း သိရသည်။
ပဲစင်းငုံပဲပင်များကို အများအားဖြင့် သီးသန့်စိုက်ပျိုးခြင်းမရှိဘဲ ကဆုန်လများတွင် စိုက်ပျိုးသည့် မိုးဦးနှမ်းဖြင့်လည်းကောင်း၊ မြေပဲစိုက်ခင်းများ အတွင်း ထယ်ကြောင်းပေးကာ သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အလွန်နည်းပါးသော သီးနှံဖြစ်ကြောင်း သိရသည်။
အဓိကစိုက်ပျိုးသည့်မျိုးအနေဖြင့် မုံရွာရွှေဒင်းဂါးမျိုးဖြစ်ကြောင်း ထွက်ရှိမှုအအနေဖြင့် (၁)ဧက တင်း (၂၀)နီးပါး ထွက်ရှိကြောင်း လက်ရှိဈေး အနေဖြင့် တစ်တင်းလျင်ငွေကျပ် (၁၃၀၀၀၀)ဖြင့် ဝယ်ယူရာ (၁)ဧကဝင်ငွေ သိန်း(၂၀)ကျော်ရရှိပြီး အစွန်းထွက်မှာ ကုန်ကျစရိတ်သာရှိကြောင်း၊ ဈေးနှုန်းအနေဖြင့်ပဲစင်းငုံ အရည်အသွေးပေါ်မူတည်၍ ဈေးပိုရရှိကြောင်း၊ မြင်းမူမြို့တပင်ရွှေထီး ရပ်မှ တောင်သူဦးသဲမောင်ထံမှ သိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲစင်းငုံဧက (၃၅၂၁၆)ကို စိုက်ပျိုးရန်လျာထားခဲ့ပြီး (၃၄၈၆၈)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုချိန် ထိ (၂၃၆၅၇)ဧက ခုတ်ယူခဲ့ပြိးဖြစ်ကာ ပျှမ်းမျှ (၁)ဧက (၁၇ဒဿမ၇၅)တင်းထွက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အောင်စိုးဖေ (မြင်းမူ)