မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Original) နှင့် (Pfizer Omicron BA-4 ၊ BA-5 VCV) ထပ်ဆောင်းကာကွယ်‌ဆေးထိုးနှံပေး

မင်းလှ ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနရုံး၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Original)နှင့် (Pfizer Omicron BA-4 ၊ BA-5 VCV) ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက်နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား (Pfizer Original)ထိုးနှံပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက်(၅၀)နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထုများ (Pfizer Omicron BA-4 ၊ BA-5 VCV) ထိုးနှံပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)