ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်တုန်း  ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ မြို့နယ် အတွင်း သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းနားနှင့် အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေး မှာကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများက ဌာနနှင့် ရပ်ကွက်၊ ကျေးရွာ များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့‌သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)