ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေး

ရေဦး ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် (၉) နှစ်မှ အသက် ၁၂ နှစ်အောက် မိန်ကလေးငယ် များကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ကို ဇန်နဝါရီ ၁၅ ရက်နံနက် ၉ နာရီမှစတင်ပြီး သံဃာ့ဆေးရုံဟောင်းတွင် ထိုးနှံပေးလျက် ရှိသည်။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရာတွင် အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးနှံ စဉ်က ပြင်းထန်စွာဓာတ်မတည့်မှုဖြစ်ပွားခဲ့ခြင်း ရှိ/မရှိအခြေအနေ၊ ကာကွယ်ဆေးမထိုးနှံမီ တစ်ပတ်အတွင်းနှင့် ထိုးနှံမည့်နေ့တွင် ဖျားနာခြင်းရှိ/မရှိ လက်ရှိကျန်းမာရေးအခြေအနေအရ  ကိုယ်ခံအားကျဆင်းနေပါက ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပြီးမှ ထိုးနှံကြရန်၊ ယခုထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆး (HPV) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရည်အသွေးမီ အသိအမှတ်ပြုကြောင်း၊ နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်းလုံခြုံစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ မိန်းကလေးငယ်များတွင် တစ်ကြိမ် ထိုးနှံခြင်းဖြင့် HPV ပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာအပါအ၀င် ကင်ဆာ ရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း၊ ယနေ့သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံသူ မိန်းကလေးငယ် ၇၆ ဦးရှိပါတယ်” ဟု သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်း၏ ရှင်းလင်း ပြောပြချက်အရ သိရသည်။

ထို့ပြင် ကျောင်းတက်‌ရောက်နေသူ မိန်းကလေးငယ်များကို ကျောင်းတွင်လည်းကောင်း၊ ကျောင်းပြင်ပမိန်းကလေးငယ်များကို သက်ဆိုင်ရာ ဆေးထိုးစုရပ်တွင်လည်းကောင်း ရက်သတ်မှတ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်း (ရေဦး)