ညောင်တုန်းမြို့နယ်တွင် ပင်စင်‌စားဝန်ထမ်းများအား ကျန်းမာရေးစစ်‌ဆေးပေးခြင်းဆောင်ရွက်

ညောင်တုန်း  ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများ အား ကျန်းမာရေးစစ်‌ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့‌ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ပင်စင်‌စားဝန်ထမ်း (၅၂)ဦးနှင့် မိသားစုဝင်(၂၀)ဦး၊ စုစုပေါင်း(၇၂)တို့ကို ကျန်းမာရေးစစ်‌ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဇော်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်နှင့် ဌာနဆိုင်ရာ များ၊ လူမှုရေး အသင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)