စလင်း ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို စလင်းမြို့ ပြည်သူ့ပန်းခြံအတွင်းအပြင်၌ ယမန်နေ့ညနေပိုင်းက မြို့နယ်သည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပန်းအလှပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပြည်သူ့ပန်းခြံအတွင်းရှိ ပန်းအုတ်ခုံများပေါ်၌ ခရစ္စမတ်ပန်းအလှပင်များနှင့် ပန်းခြံရှေ့မြက်နှာစာ ပန်းအလှပင်များစိုက်ပျိုးခြင်း ရေလောင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပန်းအလှပင်များစိုက်ပျိုးခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကြီးကြပ်မှု စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက နေ့စဥ်လုပ်ငန်းများ ခွဲ၍ ပန်းခြံအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများနှင့် ပန်းအလှပင်များ ပြုစုခြင်းပျိုးထောင် ခြင်းများကိုနေ့စဥ် ပြည်သူများ စိတ်ကြည်နူးအပန်းဖြေ အနားယူနိုင်ကြစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(မောင်လွင်)စလင်း