မြို့သစ် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် မြို့သစ်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ လေသာကျောင်းတိုက်ဆရာတော်နှင့် မြို့နယ်အတွင်းရှိ သံဃာတော်များဦးဆောင်၍ ဒေသခံပြည်သူ (၂၀၀) ကျော်ခန့်တို့က ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံရှေ့မှစုရပ်အဖြစ်စတင်၍ တောင်တွင်း- နတ်မောက်လမ်းမကြီးမှ ဆေးရုံလမ်းအတိုင်း စီတန်းလှည့်လည်၍ မြို့နယ်အားကစားကွင်းအထိ “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး (ဒို့အရေး)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား (ဆန့်ကျင်ကြ)၊ ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက်သူပုန်များ (ကျဆုံးပါစေ) စသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ စီတန်းလှည့်လည်ကြွေးကြော်ခဲ့ကြပြီး ဦးဆောင်သူသံဃာတော်များနှင့် ပြည်သူများက အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
မောင်မောင်(မြို့သစ်)