မြို့သစ် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သူအချင်းချင်း ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာပေချစ်မြတ်နိုးသူများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးတင်မောင်ဝင်း၊ ဦးမြင့်ကြည်၊ ဦးမြင့်ရွှေတို့က စာရေးဆရာချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့်ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်တွင်ပါဝင်သည့် လူငယ်များအနေဖြင့် တိုးတက်နေသည့်ခေတ်ကြီးတွင် မိမိနှုတ်မှပြောဆိုနေသည့် စကားများ၊ ယဉ်ကျေးမှုဆိုရာတွင်လည်း ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် အထက်တန်းကျသည့် ယဉ်ကျေးမှုပုံစံများနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ယဉ်ကျေးမှု စသည့်အကြောင်းအရာများအား လူငယ်များနားလည်သိရှိစေရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)